မြင်းခြံမြို့၌ ဒုတိယအကြိမ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း

မြင်းခြံ ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဒုတိယအကြိမ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နေ့လည် (၂) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြင်းခြံမြို့ ရတနာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဇောတိပါလထံမှ ငါးပါးသီလခံယူ ဆောက် တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားချီးမြှင့်တော်မူခဲ့သည်။ ထို့နေက် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် မြို့နယ်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်လေးလေးနိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မြင်းခြံမြို့ ရတနာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဇောတိပါလ ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                                             

ကျော်စွာ(မြင်းခြံ)