မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်း(၄၀)ဦး အတွက် အခြေခံစားသောက်ကုန်များနှင့် နေ့လယ်စာအာဟာရများကိုအလှူရှင်များမှ လာရောက် လှူဒါန်း

ရန်ကုန်        အောက်တိုဘာ       ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်း (၄၀) ဦးအတွက် အခြေခံစားသောက်ကုန်များနှင့် နေ့လယ်စာ အာဟာရ များကို ယမန်နေ့နံနက်ပိုင်းက အလှူရှင် မိသားစုမှ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြသည်။
ထို့သို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဥ်ကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ရှေ့တန်းမှဆောင်ရွက်နေရသော ကျန်းမာရေး ဝန်ထမ်းများ အတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ကူညီနိုင်ရန်ရည်ရွယ်၍ ကျန်းမာရေး ဝန်ထမ်း (၄၀) ဦးအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးသေတ္တာ ၊ ခေါက်ဆွဲခြောက်များနှင့် နေ့လယ်စာအတွက် ဒံပေါက်နှင့် အချိုရည်ဘူးများကို ဒေါက်တာ ဟေမာဇော်၏ ဦးဆောင်မှုဖြင့် အလှူရှင်များဖြစ်ကြသော ဦးခင်ကိုနိုင်၊ ဒေါ်ခင်လေးမြင့် (သား) မောင်ဇေယျာနိုင်နှင့် မောင်သူရထက်နိုင် မိသားစုတို့က လာရောက်လှူဒါန်းကြရာ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဥမ္မာမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)