ခိုလမ်မြို့အ.ထ.က ကျောင်း၌ ပညာရေးမိသားစုဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ခိုလမ်  ဩဂုတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့၊ အ.ထ.ကကျောင်း၌ ပညာရေးမိသားစုဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက်(၁၀:၃၀)အချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဦးပညာသီရိနှင့်ဆရာတော်၊ သံဃာတော်များမှ ဩကာသကန်တော့ချိုး၊ (၅)ပါးသီလဆောက်တည်ခြင်း၊ ပဌာန်းရွတ်ဖတ်ပေးခြင်း၊ တရားတော်များကိုဟောကြားပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများမှ ကန်တော့ခံပစ္စည်းများ၊ အလှူငွေများ ဆပ်ကပ်လှူဒါန်းပေးခဲ့သည်။

အဆိုပါ ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲသို့ကြွရောက်လာသော ဆရာတော်သံဃာတော်ရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တက်ရောက်လာသော ဧည့်သည်များအား နေ့လယ်စာ ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။

နေလင်းထွန်း (ပြန်/ဆက်)