လှိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး  အတွက် ဈေးများတွင် စည်းကမ်းတကျရောင်းချနိုင်ရေးလိုက်လံစစ်ဆေးဆောင်ရွက်

လှိုင်အောက်တိုဘာ ၁၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ဈေးများနှင့်ပျံကျစျေးများ၌ စည်းကမ်းတကျ ဈေးရောင်းချနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဈေးရောင်းချ၊ ဝယ်ယူမှုများသည့် ဈေးများတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးဖေစိုးနှင့် အဖွဲ့ဝင်များ၊ ခေတ္တစည်ပင် အုပ်ချုပ်ရေးမှူး ဦးဇေယျာလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော အဖွဲ့များမှ လိုက်လံကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် လူစုလူဝေးဖြင့် ဈေးရောင်းချနေမှုများ ဖြစ်ပေါ်နေသည့် ပျံကျဈေးများအား အချိန်လျှော့ချ ဈေးရောင်းချစေရေး၊ Mask နှင့် Face Shield များ တပ်ဆင်ရောင်းချရေးနှင့် သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချစေရေးစသည့် စည်းကမ်းချက်များအား လိုက်နာနိုင်ရန် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)