သီပေါမြို့၊ ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သီပေါ ဩဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး နှင့် ဝန်ထမ်းများသည် ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးစိန်ထွေးက အသိပညာပေးဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက စားသုံးသူများ၏ အခွင့်အရေး(၈)ချက်၊ စားသုံးသူများ၏တာဝန်၊ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ စိစစ်ရမည့် အချက်များ၊ ဝယ်ယူမည့်ပစ္စည်းတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)