ပင်းတယမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် သင်တန်းတက်ရောက်နေသည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေး

ပင်းတယ  အောက်တိုဘာ   ၁၄

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် သင်တန်းတက်ရောက်နေသည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က စစ်ဆေးစမ်းသပ်ပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရဲသင်တန်းသား ၇၈ ဦးတို့၏ Swab များကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်မကြီး ဒေါက်တာမို့မို့ကြည်နှင့် ဝန်ထမ်းများတို့က Test Kits များဖြင့် စစ်ဆေးချက်များအရ အထူးရဲသင်တန်းသားများထံတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မဲရုံ (၇၈)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ စုစုပေါင်း (၆၀၃၃၁) ဦးခန့်ရှိကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)