ဖျားနာအနံ့​ပျောက်(Anosmia)လူနာများ ထားရှိသည့် Hlaing Quarantine Center (1)နှင့်(2)တွင် သန့်ရှင်း​ရေးများ​ဆောင်ရွက်

လှိုင် အောက်တိုဘာ ၁၄

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ ဖျားနာအနံ့ပျောက် (Anosmia)လူနာများ ထားရှိသည့် Hlaing Quarantine Center (1)အမက(၂၆​)ကျောင်းနှင့် Hlaing Quarantine Center (2) အလက(၅)ကျောင်း များတွင် ကျန်းမာရေးစစ်​ဆေးချက် P-N နှာ​ခေါင်း၊ အာ​ခေါင်တို့ပတ် စစ်​ဆေးပြီး ကျန်းမာ​ရေး​ကောင်းမွန်လာသူများအား​ နေရပ်သို့ ပြန်လည်ပို့​ဆောင်​ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

Negative အဖြေထွက်​သော သတ်မှတ်ရက်ပြည့်ပြီး လူနာများအား တာဝန်ရှိသူများက ပြန်လည်ပို့​​ဆောင်ခဲ့ပြီး ​၎င်းတို့​ နေထိုင်ခဲ့ရာ အခန်းများအား​ ဆေးဖျန်းခြင်း၊ အသုံးပြုခဲ့​သော အသုံးအ​ဆောင်ပစ္စည်း များအား မီးရှို့ဖျက်ဆီးခြင်း၊ သန့်ရှင်း​ရေးများ ပြုလုပ်​ခြင်းများ​ဆောင်ရွက်ပြီး စောင်၊ ခြင်ထောင်၊ ဖျာ၊ ခေါင်းအုံးနှင့် အသုံးအ​ဆောင်ပစ္စည်းအသစ် စသည်တို့အား ကိုဗစ်-၁၉ ကော်မတီက ပြန်လည်ဝယ်ယူ ဖြည့်တင်း၍ နောက်ရက်များတွင် ထပ်မံ​ရောက်ရှိလာမည့် (Anosmia)လူနာများထားရှိနိုင်ရန် ကြိုတင် စီစဉ်လျက်ရှိသည်။ လှိုင်မြို့နယ်တွင် Quarantine Center (၅)ခုအား ဖွင့်လှစ်၍ နေ့စဉ်အလှူရှင်များဖြင့်​နေထိုင်စား​သောက်​ရေး အဆင်ပြေ​စေရန်​ ဆောင်ရွက်​ပေးလျက်ရှိပြီး ယ​နေ့အထိ​ဆေးရုံမှဆင်းပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း(၃၀၂)ဦးရှိ​ကြောင်း သတင်းရရှိသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)