ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရာဇဂြိုလ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ဒဂုံဆိပ်ကမ်း သြဂုတ် ၄

ရန်ကုန်တိုင်း​​ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရာဇဂြိုလ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ​ခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်အေးမာလွင်က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုထူးက လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်ဂျူးဂျူးမက အားကစားဆိုင်ရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမဥ္ဇူက လူငယ်ရေးရာအသိပညာပေး အ​ကြောင်းအရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် နည်းပြဦး​​မောင်မောင်ခင်က ဂျူဒိုအားကစားနည်း အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူများက ဂျူဒိုအားကစားနည်း၊ ဝူရှူးအားကစားနည်း၊ မြန့်မာ့သိုင်းအားကစားနည်းများဖြင့် သရုပ်ပြသခဲ့ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ အားကစားအထောက်အကူပြုပစ္စည်းများအား လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ