စမ်းချောင်း ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက စမ်းချောင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးအေးလင်းက လူငယ်နှင့်အခွင့်အလမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ သင်းလဲ့လဲ့ထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မေဧပရယ်မိုးက လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်းအသီးသီး ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် စမ်းချောင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မျိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။
စန္ဒာမိုး