တောင်ဥက္ကလာပ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ပစ္စည်းလေးပါး ပြည့်စုံစေရန် နဝကမ္မအလှူငွေများ ဒုတိယအကြိမ်ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ငွေကြာရံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲကို တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မြို့မိမြို့ဖများ၊ စက်မှုဇုံလုပ်ငန်းရှင်များ နှင့် စေတနာရှင်များ စုပေါင်းကုသိုလ်ယူ၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၆၅) ကျောင်းနှင့် သီလရှင်ကျောင်း (၈) ကျောင်းအား အလှူငွေကျပ် ၁၅၂၀၀၀၀၀ လှူဒါန်းခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်မှ ဦးဆောင်၍ မြို့နယ်သံဃာနာယက ဆရာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နေထက်အောင်