မချမ်းဘော သြဂုတ် ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားထားသော လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် (Book Club) အသင်းဝင် ဒေါ်အေးမွန်က မှားမှာကို မကြောက်ပါနဲ့ခေါင်း စဥ်ဖြင့်လည်းကောင်း၊ (Book Club) အသင်းဝင် ဦးခွန်နော်က အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဦးဖုန်ဆိုင်းအောင်က လူငယ်နှင့်စူးစမ်းလေ့လာမှုများ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ (Book Club) အသင်းဝင် ဒေါ်ဘောက်မွန်းက လူငယ်နှင့်တာဝန်သိမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ( Book Club) အသင်းဝင် ဦးလယ်မယ်ဆဲက လူငယ်နှင့် တက္ကနိုလိုဂျီခေါင်းစဥ်ဖြင့် လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြပြီး (Book Club) အသင်းဝင် ဦးမိုးသူကျော်က ဆွေးနွေးသွားသော အသင်းဝင်များ၏ ဆွေးနွေးချက်များအပေါ် ၄င်း၏အမြင်နှင့်ယူဆချက်များကို ဖြည့်စွက်ပြီး အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)