ချောင်းဆုံ ဩဂုတ် ၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်က ချောင်းဆုံ(အထက) ကျောင်းမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်း (Booster Dose) ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိရာ အသက်(၅) နှစ်မှ (၁၈) နှစ်အထိ(Sinopharm) ပထမအကြိမ် (၆၁)ဦး၊ တတိယအကြိမ်(၄၄၆)ဦး၊ စတုတ္ထအကြိမ် ထိုးနှံပြီးသူ (၄၀၁)ဦး၊ စုစုပေါင်း(၉၀၈)ဦး ထိုးနှံခဲ့ပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများနှင့် ကြက်ခြေနီအဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)