မြောက်ဥက္ကလာပ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါထိန်းချုပ်/ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်မှ လှူဒါန်းထားသော တန်ဖိုးငွေကျပ် သိန်း(၇၀)တန်ဖိုးရှိ Oxygen Concentrator (၁၀)လုံးကို ယမန်နေ့ မွန်းလွဲပိုင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ဝေဘာဂီ အထူးကုဆေးရုံကြီး တို့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းတို့က (ဌ) ရပ်ကွက်နေ ဦးသူရဇော်မှ ပေးပို့လှူဒါန်းထားသော Oxygen Concentrator များအား ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် (၅)လုံးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် (၅)လုံးကို လွှဲပြောင်းပေးပို့လှူဒါန်းရာ ဝေဘာဂီအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်နှင့် မြောက်ဥက္ကလာပဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးတို့လက်ခံရယူခဲ့ပြီး ဆေးရုံအုပ်ကြီးများမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)