စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စည်းကမ်းများနှင့် အညီ လိုက်နာ ဆောင်ရွက်ရေး အသိပေးနှိုးဆော်

စဉ့်ကိုင်     အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး အသိပေး နှိုးဆော်မှုများကို ယမန်နေ့ည ၆ နာရီက မြို့တွင်းသို့ လှည့်လည်  အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
 အဆိုပါ အသိပေးနိုးဆော်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်း၍  ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသမှုများ ဆောင်ရွက်လျက်ရှိသော်လည်း ကူးစက်ပြန့်ပွားမှုရှိခြင်း၊  နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများရယူစ်ဆေးရာတွင် ပိုးတွေ့လူနာများ ရှိသဖြင့်ဒေသတွင်းကူးစက်ခံမှုများ မဖြစ်ပွား စေရန်၊ ပြည်သူများအနေနှင့် ရောဂါ ကူးစက်ခံရမှုမရှိအောင် တတ်နိုင် သမျှ မိမိအိမ်တွင် နေထိုင်ကြရန် ၊အိမ်အပြင် ထွက်ပါကလည်း နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ ထွက်ခွာကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်ပြန်/ဆက်)