မိတ္ထီလာခရိုင်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးဆင်းသုခ မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ သြဂုတ် ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင်   နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးဆင်းသုခ မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်က ကွက်ငယ်ကျေးရွာအုပ်စု ဇီးချိုကုန်းကျေးရွာ ကွင်းအမှတ် ၁၀၈၂၊ ဦးပိုင်အမှတ် ၁၀၈/၁ရှိ တောင်သူဦးနု၏ စိုက်ဧက ၃ ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်းက စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး ဆင်းသုခမျိုးစေ့ထုတ် စိုက်ဧက ၅၀ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နွေစပါးဆင်းသုခ မျိုးစေ့ထုတ်စံကွက်ရိတ်သိမ်းခဲ့ရာ နွေစပါးတစ်ဧက စပါးတင်း ၁၂၃.၁၂တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးဆင်းသုခ မျိုးစေ့ထုတ်စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

သိန်းမြင့်ကျော်(မိတ္ထီလာ)