ကွတ်ခိုင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကွတ်ခိုင် ဩဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က မျိုးဆက်သစ်ကလေး သူငယ်များအသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာစေရန်ရည်ရွယ်၍ ကလေး သူငယ်များဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်‌ဌေးဌေးဝင်းက ကျောင်းသား၊ ကျောင်းသူကလေးများအနေဖြင့် မိမိတို့ကိုယ်ပိုင်အားလပ်ရက်အချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဗဟုသုတများတိုးပွားလာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် စာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲ၏ ရည်ရွယ်ကိုပြောကြားခဲ့ပြီး ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ပြီး ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)