ကျောက်မဲ ဩဂုတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)က စာရေးဆရာ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူအသင်းဥက္ကဋ္ဌ ဦးမြင့်အောင်မြင့်နှင့် အသင်းဝင်များက စာရေးဆရာ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ပါ လမ်းလျှောက် ထွက်ကြမယ်၊ မျှော်လင့်ချက်၊ ဘာကြောင့်မေ့တာလဲ၊ အချိန်အခါကိုသိပါ၊ နှုတ်ဆက်ခွဲခွာ၊ စွန့်စားမှုဆီသို့ ခြေတစ်လှမ်း၊ ထိုတစ်ည အစရှိသည့် ဆောင်းပါးများကို အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များ၊ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်မဲခရိုင်ရုံးအနေဖြင့် လူငယ်လူရွယ်များ စာဖတ်စွမ်းရည်မြင့်မားစေရေး၊ လူငယ်များ စာအုပ်စာပေနှင့် ထိတွေ့ခြင်းဖြင့် စာပေဆိုင်ရာ အသိအမြင်များ တိုးပွါးရရှိစေရေးတို့အတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) များ ဖွဲ့စည်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ပြုလုပ် ကျင်းပလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)