တွံတေး အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံ့ ရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေး အလှူရှင်များက ယမန်နေ့ နေလယ်က နေရာအသီးသီးတွင် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကူညီထောက်ပံ့ရေးအဖွဲ့မှ အများပြည်သူအလှူရှင်များမှ လှူဒါန်းထားသော ငွေဖြင့် တွံတေးမြို့ပြည်သူ့ဆေးရုံသို့ ငွေကျပ်(၁၂)သိန်းတန် Patient Monitor စက်တစ်လုံး၊ ငွေကျပ်(၇၅၀၀၀၀)တန် Oxygen Concentrator စက်တစ်လုံးကို ထောက်ပံ့လှူဒါန်းပေး အပ်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တွံတေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်၍ ကူညီစောင့်ရှောက်ရန်ရည်ရွယ်ပြီး မြန်မာ ပိတောက်ကုမ္ပဏီလီမိတက် မိသားစုရန်ကုန်မှ ငွေကျပ်သိန်း(၄၀)၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းမိသားစုမှ ငွေကျပ်(၁)သိန်း၊ အ.ထ.က(၁)တွံတေး ပညာရေးမိသားစုမှ ငွေကျပ်(၁)သိန်း၊ ဆရာမကြီး ဒေါ်မြသောင်းမှ(၁)သိန်းကျပ်၊ ညောင်တံခါးကျေးရွာမှ ကိုအောင်မင်းမိသားစုမှ (၁)သိန်းကျပ်၊ ကိုနေလင်းအောင် မိသားစုမှ(၁)သိန်းကျပ်၊ ကိုသိန်းဝင်းစျေးသစ်မှ (၁)သိန်းကျပ်၊ မဖူးဖူးသစ်မှ(၁) သိန်းကျပ်၊ ဦးသန်းထွဋ် မိသားစုမှ (၁)သိန်းကျပ်၊ ကိုအောင်မင်း ကျွန်းတောမှ(၁)သိန်းကျပ်တို့ကို လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)