မြစ်သား အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သတ်၍ ပြည်သူများ အနေဖြင့် ကျယ်ပြန့်စွာ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရေးတို့အတွက် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ် ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သတ်သည့် အသိပညာ ပေးနံရံကပ်စာစောင်များပြသ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိ သောမိဘ/ အုပ်ထိန်းမှု အတတ်ပညာ ဆိုသည်မှာ အဘယ်နည်း၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ သတင်းခွဲခြားစိတ်ဖြာမှု နှင့်ထင်မြင်ယူဆချက်များ၊ သတင်းအချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ခက်နေ ပါသလား၊ ကလေးများနှင့် အတူတူ သတင်းကြည့်ရာဝယ်၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန် နှင့်ရှောင်ရန်များ၊ အချက်အလက် နှင့်ထင်မြင်ယူဆချက်၊ သင်သည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦးဖြစ်ပါသလား၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ အတတ်ပညာ-နည်းလမ်းများ၊ မီဒီယာနှင့် သတင်းအချက် အလက် သိနားလည်မှုရှိသော မိဘ/အုပ် ထိန်းမှုအတတ် ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့် သတင်းအချက် အလက်သိနား လည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ၊ ကလေးသူငယ်လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ်ပြုလုပ်ပါ၊ သတင်းအချက်အလက်များ မည်သို့ အရေးပါ ကြောင်း ကလေးများနှင့် အတူဆွေးနွေးပါနှင့် ကလေးများ နှင့် အတူ စာဖတ်ပါ ၊ သတင်းတွင် အသုံးပြုသော စကားအသုံး အနှုန်းပိုင်း ကိုသတိထားကြည့်ရှုပါ စသည့်အကြောင်းအရာများကို ခင်းကျင်း ပြသထားကြောင်းသိရသည်။
မြမြမွန်(ပြန်/ဆက်)