ကျောက်တော်မြို့နယ် လမ္မတော်ကျေးရွာနှင့် ညောင်ပင်လှကျေးရွာများတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်တော် ဩဂုတ် ၄

ရခိုင်ပြည်နယ်၊‌ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က လမ္မတော်ကျေးရွာနှင့် ညောင်ပင်လှ‌ကျေးရွာတို့တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို  အဆိုပါ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာခြင်းကို ကျောက်တော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လမ်းမတော်ကျေးရွာ၊ ရတနာ ဦးဘုန်းတော်ကြီးကျောင်းတွင်  ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ၍ သက်ဆိုင်ရာ ဌာနအသီးသီးမှ မိမိဌာနနှင့် သက်ဆိုင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံကျေးလက်နေပြည်သူများမှလည်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အား တင်ပြဆွေး‌နွေးခဲ့သည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် ညောင်ပင်လှကျေးရွာ၊ ‌ရွာဦးဘုန်းတော်ကြီးကျောင်းတွင်လည်း ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးများ ဆွေးနွေးပြောကြားခဲ့ကြပြီး ပြည်သူများ၏ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)