ပေါက်တော ဩဂုတ် ၄
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရေယာဥ်ဖြင့် ခရီးသွားလာကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ပေါက်တောမြို့ရှိ ဆိပ်ကမ်းမှ ထွက်ခွာမည့် ခရီးသည်ရေယာဥ်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ စစ်ဆေးကြသည်။
ထို့သို့ စစ်ဆေးရာတွင် ရေယာဥ်များပေါ်တွင် သတ်မှတ်ခရီးသည်နှင့် အညီ အသက်ကယ်အင်္ကျီများ လုံးလောက်စွာပါဝင်ခြင်း ရှိ/မရှိ၊ အရေးပေါ် မီးသတ်ဆေးဘူးများ ပါဝင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိန်ကျော်လှိုင် ဦးဆောင်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)