လောက်ကိုင်မြို့၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လောက်ကိုင် ဩဂုတ် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရန်နှင့် ဝါတွင်းကာလအတွင်းအပတ်စဥ် တနင်္ဂနွေနေ့တိုင်း ဆွမ်းလောင်းလှူရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေးထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမိုးဇော်လတ်မှ ဝါတွင်းကာလသည် မြန်မာတိုင်းရင်းသားလူမျိုးတို့၏ အရေးပါသော ကာလတစ်ခုဖြစ်၍ ဝါတွင်းကာလတွင် တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းနှင့် ယဥ်ကျေးမှုအစဥ်အလာများကို ဆက်လက်ထိန်းသိမ်းရန်အတွက် ဝါဆိုသင်္ကန်းနှင့် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ဆွမ်းလောင်းလှူဒါန်းရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးမှ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ ချင်းရွှေဟော်မြို့ စသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်မည့် ဘုန်းကြီးကျောင်းများကို အစီရင်ခံတင်ပြခဲ့ပြီး ဝါဆိုသင်္ကန်းများ၊ လှူဖွယ်ဝတ္ထုများ၊ ဆွမ်းလောင်းလှူခြင်းနှင့် ဆက်ကပ်လှူဒါန်းမည့်နေရာ၊ အချိန်စသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ အဖွဲ့ဝင် ဦးမျိုးဇော်သန်း၊ ယာယီဒုတိယရဲမှူးကြီး ညွန့်လွင်ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရသည်။

ချန်ထွန်းအောင်