ကျောက်မဲ ဩဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ရွှေရတုခန်းမ၌ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီက သက်ကြီးရွယ်အိုများအခွင့်အရေးဆိုင်ရာဥပဒေ/နည်းဥပဒေများတို့ကို ပရိုဂျက်တာဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ယင်းနောက် ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီ ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆွေးနွေးပြီး ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)