ရန်ကုန် ဩဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကွန်းကျောင်းလမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောက်လုပ်ပေးသော ရွှေအင်းစိန်မြက်ခင်းတု ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲနှင့် အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။
ကျင်းပရာတွင် အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်ဇင်က အမှာစကားပြောကြားပြီး အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး နေသွေး၊ အဖွဲ့ဝင်(၂)ဦးအုန်းရွှေ၊ အဖွဲ့ဝင်(၃) ခရိုင်လဝကမှူး ဦးမင်းဆွေ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ငြိမ်းချမ်းအောင်၊ အမှတ်(၄)ရှေ့တန်းတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးကျော်စိုးဦး၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ အဖွဲ့ဝင်(၂)ဦးဘိုကြည်၊ အဖွဲ့ဝင်(၃)မြို့နယ်လဝကမှူးဦးညီညီစိုး၊ အတွင်းရေးမှူးယာယီရဲမှူးသန့်ဇင်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒိုင်လူကြီးများနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းသားများကို လိုက်လံနှုတ်ဆက်ပြီး အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်ဇင်က ဘောလုံးကန်ဖွင့်လှစ်ပေးခဲ့သည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်ဘောလုံးအသင်း(၁၅)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဩဂုတ်လ(၃)ရက်နေ့မှ ဩဂုတ်လ(၈)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အနိုင်ရမည့်အသင်းများကို တံခွန်စိုက်ဆုနှင့် အခြားဆုများကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)