မုဒုံမြို့၌ စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မုဒုံ ဩဂုတ် ၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများမှ စားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက် ၆ နာရီမှစတင်ကာ မြို့မစျေးအနောက်၌ ဒေသခံပြည်သူများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။

ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် (၂၄၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၅၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ပုဇွန် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ ပလာတူးနှင့်ငါးဖမ်းမတစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ရောင်းချပေးသည်။

မုဒုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများကို ပြင်ပစျေးနှုန်းထက် သက်သာစွာဖြင့် ဝယ်ယူနိုင်ရန်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)