နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ကျင်းပမည်

နမ့်စန်(တ) ဩဂုတ် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ (၁၂)ရက်နေ့၌ မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းပေါင်းစုံ(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(၂)မျိုး စီစဉ်ကျင်းပသွားမည်ဖြစ်ကာ အုပ်စုမဲခွဲရွေးချယ်ပွဲကို ဩဂုတ်လ ၉ ရက်နေ့ နေ့လည် ၁၂နာရီတွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)၌ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။     

အဆိုပါကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အခြေခံပညာကျောင်းများအလိုက် ပြိုင်ပွဲဝင်ဘောလုံးအသင်းများ ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)