ကျောက်ဆည် ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အခြေခံသမဝါယမအသင်းများမှ အသင်းဝင်များအား မိုးစပါးများ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် (၂)သိန်းနှင့် ညီမျှသော သွင်းအားစုမြေဩဇာများ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နေ့လည်(၁၁)နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးက မိုးစပါးများ စိုက်ပျိုးရာတွင် အခက်အခဲမရှိစေရေးနှင့် အခြေခံမသဝါယမအသင်းဝင် တောင်သူများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတက်စေရေးအတွက် မိုးစပါး တစ်ဧကအတွက် ငွေကျပ်(၂)သိန်းနှင့် ညီမျှသော သွင်းအားစု မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းက ထောက်ပံ့ပေးအပ်သော သွင်းအားစု မြေဩဇာများ ဝယ်ယူထောက်ပံ့ခြင်းများနှင့် ပြန်လည်ပေးဆပ်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးကျော်ထွန်းဦး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူများက ပတ္တာ၊ တောင်ပလူ၊ ရဲမအူ၊ ငါးလုံကုန်း၊ ပွတ္တိုင်၊ ပင်တလည်၊ ကတဲ၊ ငှက္ကတောင်၊ ရွှေလေး၊ ဇရပ်ဖြူကျေးရွာ အခြေခံသမဝါယမအသင်း(၁၀)သင်းမှ အသင်းဝင်(၂၂၀)ဦးအား မိုးစပါး (၁၀၀၀)ဧက စိုက်ပျိုးရန်အတွက် ငွေ(၂၀၀၀၀၀၀)ကျပ်နှင့် ညီမျှသော သွင်းအားစုမြေဩဇာများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)