ရန်ကင်းမြို့နယ်တွင် အခြေခံပညာကျောင်းများရှိအသက် ၅နှစ်မှ ၁၈ နှစ်ကျောင်းသားကျောင်းသူ (၁၉၃)ဦးအား ကိုဗစ်ကာကွယ်ဆေး sinopharm ထိုးနှံ

ရန်ကင်း သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက အမှတ် (၁)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ သူများနှင့် အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း ကျောင်းသား ၊ကျောင်းသူ စုစုပေါင်း(၁၉၃ )ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm  ထိုးနှံပေးခဲ့သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ရန်ကင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ် ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အ.မ.က(၁)နှင့်အ.မ.က (၅)ရှိအသက် ၅ နှစ်မှ ၁၈ နှစ်ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၉၃) ဦးအား ကိုဗစ်ကာကွယ်ဆေး sinopharm ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆေးထိုးနှံရန်လာရောက်သည့်ကျောင်းသား/ သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး မှသာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး  မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ ဆက်)