ကျောက်တန်း ဩဂုတ်၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မှုခင်းကျဆင်းရေးနှင့် ယာဥ်အန္တရယ်၊ လမ်းအန္တရယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ၌ ကျောက်တန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြိုင်သာယာ)၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးမှ အဖွင့်မှာစကားပြောကြားကာ အမှတ်(၅၃) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုတိယရဲမှူး ရန်နိုင်စိုးမှ ယာဥ်အန္တရာယ်၊ လမ်းအန္တရယ် ကင်းရှင်းရေး အသိပညာပေးကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦသန့်ဇင်ထွန်းမှ လူငယ်နှင့် စာပေဖတ်ရှု့ခြင်းအကျိုးတရားများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဒေါ်အေးမြတ်မွန်မှ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူနှင့် မိဘများ(၁၆၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ ဆက်)