ဒဂုံတောင် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများထံသို့ ယမန်နေ့ ညနေ(၁၆း၀ဝ)နာရီအချိန်က ဆန်၊ဆီနှင့် အခြားစာသောက်ကုန်များကို လှူဒါန်းမှုများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုကို အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ဦးဆောင်၍ ပြည်သူသို့မျှဝေခြင်းအဖွဲ့တို့နှင့် ပူးပေါင်းကာ လိုက်လံလှူဒါန်းမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့လှူဒါန်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များနှင့်အတူ ပူးပေါင်း၍ အိမ်တိုင်ရာရောက် လိုက်လံပေးဝေခဲ့ပြီး ပြည်သူများ၏ အခက်အခဲများအားမေးမြန်းဆွေးနွေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)