ပြည်သူ့ရင်ပြင်အတွင်း မိုးရာသီပြခန်း၊ ဆိုင်ခန်းများ တည်ဆောက်မှုအား မြို့တော်ဝန်နှင့်အဖွဲ့ လာရောက်ကြည့်ရှု

ဒဂုံ သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီစျေးရောင်းပွဲတော်အတွက် ပြခန်း၊ ဆိုင်ခန်းများ တည်ဆောက်တပ်ဆင်ဆောင် ရွက်လျက်ရှိရာ ထိုသို့ဆောင်ရွက်မှုများအားရန်ကုန်မြို့တော် စည်ပင်သာယာရေးဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ ဦးဆောင်သောအဖွဲ့က ယနေ့နံနက်(၀၇း၀၀)အချိန်က လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ပြခန်း၊ ဆိုင်ခန်းတည်ဆောက်မှုများအား မြို့တော်ဝန် ဦးဗိုလ်ဌေးက လိုက်လံစစ်​ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားရာ  ပြန်လည်ဝိုင်းဝန်း​ဆွေးနွေးကြပြီး​ နံနက် ၀၈း၄၇ နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားကြကြောင်း သတင်း ရရှိပါသည်။

 ကြည်ဇေသော်