ပင်းတယ ဩဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်/ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုရည်မှန်း အဆိုပြုချက်များ ရေးဆွဲတင်ပြနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ပြည့်စုံစွာဖော်ပြ၍ အဆိုပြုတင်ပြနိုင်ရေးအတွက် ဒေသအဆင့်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအဆင့်စီမံကိန်းရေးဆွဲအကောင် အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာငြိမ်းချမ်းက မိမိတို့ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ပြည့်စုံစွာဖော်ပြ၍ အဆိုပြုတင်ပြနိုင်ရန် ဒေသအဆင့်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး ဒေသအဆင့် စီမံကိန်းရေး ဆွဲအကောင် အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး (ဒေသစီမံကိန်း ရေးဆွဲရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်သန်းသန်းဝင်းက ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၄-၂၀၂၅ဘဏ္ဍာရေး နှစ်အတွက် ပြည်နယ်/ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှု ရည်မှန်း အဆိုပြုချက်များ ရေးဆွဲတင်ပြနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဒေသအဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် မိမိတို့ဌာနမှ ရည်မှန်းလျာထားချက်များအား ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)