မိုးညှင်း ဩဂုတ် ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပင့်ဖိတ်ဆရာတော်/သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြ၍ အခမ်းအနားကိုဖွင့်လှစ်ကြပြီး ဆရာတော်/သံဃာတော်များအမှုထား၍ ရတနာသုံးပါးကန်တော့ခြင်းနှင့် ငါးပါးသီလကို ခံယူစောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်/သံဃာတော်များက မေတ္တာသုတ်တရားတော်အား ချီးမြှင့်တော်မူပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်အစုစုတို့ကို အသီးသီးဆက်ကပ်လှူဒါန်းကြကာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက ယင်းလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကြ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း