ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းရေကျော်

ကျိုက်ထို ဩဂုတ် ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ညပိုင်းတွင် ရန်ကုန်-မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ်(၁၀၆/၂)(၁၀၆/၃)အကြား မြို့နယ်တရားရုံးရှေ့ ကားလမ်းမကြီးပေါ်တွင် ရေ(၆)လက်မခန့်နှင့် အလျား (၃၀၀)ပေခန့် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါကားလမ်းရေကျော်မှုကြောင့် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးသူနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရွှေသံလွင်ကုမ္ပဏီတို့မှ ပူးပေါင်း၍ လမ်းကြောင်း ရှင်းလင်းပြသပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမောင်(ပြန်/ဆက်)