အ-ထ-က(၇)အလုံ အသွားအလာကန့်သတ်​စောင့်ကြည့်စင်တာသို့ ​နေ့လယ်စာ ကြက်ဆီထမင်းဘူး (၁၃၀)ဘူး လှူဒါန်း

အလုံ အောက်တိုဘာ ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာကန့်သတ်စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယနေ့ နံနက်ပိုင်းက နေ့လယ်စာအတွက် ကြက်ဆီထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင် အလုံမြို့နယ်၊ စကားစိမ်းလမ်းမှ ကိုလှမောင် (ကားဝပ်ရှော့)နှင့် မအေးသူဇာစန်း မိသားစုတို့မှ ကြက်ဆီထမင်းဘူး(၁၃၀)ဘူး လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်​ပေးအပ်ခဲ့ကြောင်း သိရသည်။.      

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်း များနှင့် စားသောက်စရာများကို နေ့စဉ်မပြတ်လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

တင်တင်ချို(အလုံ)