တောင်သာ သြဂုတ်လ ၂
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၁၀) အား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီ အချိန် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအကြောင်း၊ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်အကြောင်း ရှင်းလင်း ပြောကြားကာ ကျေးရွာများ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေး အစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းစဉ်းစား ရေးဆွဲကြစေလိုကြောင်း မှာကြားကာ အစီအစဉ်အရ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြည်။
ယင်းနောက် ဦးစီးအရာရှိ ဒေါ်လင်းလင်းနွယ်နှင့် စီမံကိန်းတာဝန်ခံ ဒေါ်သင်းလဲ့အောင် တို့က အခြေခံအိမ်ထောင်စုစာရင်းကောက်ယူနည်း၊ ဖွံ့ဖြိုးရေးပုံစံ (၄၈) ဇယားကောက်ယူခြင်း၊ ဖွံ့ဖြိုးရေး ကွင်းဆက်မဟာဗျူဟာ ရေးဆွဲနည်း၊ စီမံကိန်း အဆိုပြုလွှာတင်ပြခြင်း စသည့်ဘာသာရပ်များနှင့် AVIP ဖွံ့ဖြိုးရေးအစီအစဉ်နှင့် ငွေစာရင်းထိန်းသိမ်းနည်းပြအား သင်တန်းချိန်အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရကာ သင်တန်းသို့ ကျေးရွာ (၁၀) ရွာမှ သင်တန်းသား/ သင်တန်းသူ (၃၁) ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလမှာ ၃၀- ၇-၂၀၂၃ မှ ၂-၈-၂၀၂၃ ရက်နေ့အထိ (၄) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မျိုးနိုင်