ပင်းတယမြို့ရှိ ကျေးရွာများ၌ ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ပညာပေးကွင်းဆင်းဆောင်ရွက်

ပင်းတယ  အောက်တိုဘာ   ၁၄

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးရွာများရှိ ပြည်သူများကိုယ်တိုင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေး ဝန်းထမ်းများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍  ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နိုင်နှင်းရေးလုပ်ငန်း များဖြစ်သည့် ဖုံး၊ သွန်၊ စစ်၊ လဲ စသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းနှိမ်းနှင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းများအပြင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှိုးဆော်ချက်များ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများကို မဖြစ်မနေတပ်ဆင်ရန်စသည်များကို လက်ကိုင်စပီကာများဖြင့် နှိုးဆော်ပေးခြင်း များအပြင် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးပြီး ကျေးရွာများသို့ အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)