နမ္မတူတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

နမ္မတူ    အောက်တိုဘာ    ၁၄

နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ()နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းနှင့် ဝန်ထမ်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့်  ဘေးကင်းလုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ အွန်လိုင်းကနေ မဲစာရင်းစစ်ဆေးပါ၊ သွားရောက်ဆန္ဒမဲ ပေးပါ၊ ဖြည့်စွက်ရန် လိုအပ်မယ့်ပုံစံတွေ စသည့် အသိပညာပေး အကြောင်းအရာများပါ  “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များအား  အများပြည်သူ အသိပညာ ရရှိရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)