ကျောက်ဆည် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဝါဆိုလပြည့်နေတွင် ဘုရား၊ ကျောင်းကန်များတွင် သီတင်းသီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိပြီး ဆုတောင်းပြည့် မဟာရွှေသိမ်တော် တန်ခိုးကြီးဘုရားတွင်လည်း စတုဒီသာကျွေးခြင်း၊ အချိုရည် ဝေငှကုသိုလ်ယူခြင်းနှင့် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများ၊ အဓိဌာပြု ဆုတောင်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးအား (၃၉၅) ခုနှစ်တွင် ရှင်အရဟံရဟန်းကြီးကိုယ်တိုင် သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် သစ္စာအဓိဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ နေ့စဉ်စည်းကားလျက်ရှိပြီး ဌာနဆိုင်ရာ ရုံးပိတ်ရက်များနှင့် အခါကြီးနေ့ကြီးများတွင် စတုဒီသာကျွေးကုသိုလ်ရှင်များ၊ ဘုရားဖူး ပြည်သူများနှင့် ပိုမိုစည်ကားကြောင်း မဟာရွှေသိမ်တော် ဆုတောင်းပြည့် ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး သင်တောင်းကျေးရွာ အနီးတွင်တည်ရှိကာ သွားလာရလွယ်ကူပြီး နေ့စဉ် ဘုရားဖူပြည်သူများနှင့် အမြဲစည်ကားလျက်ရှိကြောင်း၊ ဘုရားဖူးလာသည့်ပြည်သူများ အဆင်ပြေစေရေးနှင့် လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး ဘုရာလုံခြုံရေးဝန်ထမ်းမျာမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး မော်တော်ဆိုင်ကယ်များနှင့် မော်တော်ကားများ စနစ်တကျထားရှိနိုင်ရေး ယာဉ်ရပ်နားကွင်းများ သီးသန့်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သက်မောင်