ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ပျဉ်းမနား သြဂုတ် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက အလှူရှင်များစုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားကို စတင်ခဲ့ကြပြီး ကျွန်းဦးဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ် နာယူခဲ့ကြသည်။

ထို့နောက် မြသိန်းကျွန်းဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား အလှူရှင်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ တရားတော်မြတ် နာယူခဲ့ကြကာ ကောင်းမှူကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)