ပျဉ်းမနား ဩဂုတ် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများကို ယနေ့နံနက် ၈ နာရီက လဲလူးအိုင်ကျေးရွာ၌ ဆက်လက်ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောဆေး၊ ပြင်းထန်တီဘီ၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်များ ထိုးနှံပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)