တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်တွင် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဓမ္မစကြာရွတ်ဖတ်ပူဇော်

တန့်ယန်း သြဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျက်ရှိသော ဉာဏ်တော် (၁၀၈) ပေရှိ အောင်တော်မူ စေတီတော်ကြီးတွင် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ယမန်နေ့ ည ၆ နာရီက ဓမ္မစကြာ ဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ခြင်းတွင် ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလအား အမှူးထားလျက် မြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ အသင်းအဖွဲ့များနှင့် ရပ်ကွက်အသီးသီးတို့မှ ဝတ်အသင်းအဖွဲ့များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဓမ္မစကြာဒေသနာတော်များကို စုပေါင်းရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)