ရန်ကုန် အောက်တိုဘာ ၁၄
လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများ ဖြစ်သည့် ခနောင်ချောင်းဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ စောင့်ကြည့်လူနာ ၄ ဦး နှင့် မြို့မ(၂)ရပ်ကွက် အ.လ.က(၂) ကျောင်းရှိ စောင့်ကြည့်လူနာ ၅၅ ဦး၊ စုစုပေါင်း ၅၉ ဦးတို့၏ Swab နမူနာများ ရယူပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test kit ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ခနောင် ချောင်းဝ ကျေးရွာ စောင့်ကြည့်ရေးစင်တာရှိ စောင့်ကြည့်လူနာ ၄ ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖက် အား ရယူခဲ့ပြီး ရောဂါပိုးရှိ/မရှိ RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း၊ ဆက်လက်၍ မြို့မ(၂)ရပ်ကွက် အ.လ.က(၂) ကျောင်းရှိ စောင့်ကြည့်လူနာ ၅၅ ဦး တို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် အား နမူနာရယူခဲ့ပြီ ရောဂါပိုးရှိ/မရှိ ဆက်လက် စစ်ဆေးခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ဦး၊ စုစုပေါင်း ၁၂ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်စောင့်ကြည့်လူနာများတွင် ရောဂါပိုး မတွေ့ရှိကြောင်းသိရသည်။
ဒလမြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများရှိ စောင့်ကြည့်လူနာစုစုပေါင်း ၂၉၁ ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့က Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ၃၀ ဦး တွေ့ရှိခဲ့ကြောင်း၊ မြို့နယ်အတွင်း ပိုးတွေ့လူနာ စုစုပေါင်း ၇၁၁ ဦးရှိပြီး ဆေးရုံမှ ပြန်လည် ဆင်းလာသူ စုစုပေါင်း ၃၁၀ ဦးနှင့် သေဆုံးသူ ၁၆ ဦးအထိ ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နိုင်လင်းကျော်(ဒလ)