ဒုတိယဝါဆိုလပြည့်ဓမ္မာစင်္ကြာနေ့တွင် ဦးပိန်တံတား၌ လာရောက်လည်ပတ်သူအထူးစည်ကားများပြား

အမရပူရ သြဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့ရှိသမိုင်းဝင်ဦးပိန်တံတားတွင် ယနေ့ဒုတိယဝါဆိုလပြည့် ဓမ္မာစင်္ကြာအခါတော်နေ့၌ လာရောက်လည်ပတ်သူများ အထူးစည်ကားများပြားလျက်ရှိကြောင်းသိရသည်။ ဝါဆိုလပြည့်နေ့တွင် လာရောက်လည်ပတ်သူစစ်ကိုင်းမြို့မှ မဥမ္မာကမကြာခဏဆိုသလိုဦးပိန်တံတားကို ရောက်ဖြစ်ပါတယ်ခုလို လူစည်တာတော့ မကြုံဖူးသေးဘူး၊တံတားပေါ်လမ်းလျောက်ရတာပျော်စရာတော့ကောင်းပါတယ် တိုးမပေါက်အောင်လူတွေစည်တော့ ကိုယ့်ကားဆီဘယ်အချိန်မှရောက်မလဲလို့ တောင်စိုရိမ်ရတယ်အဲ့သလောက်ကို စည်တာဟုပြောကြားခဲ့သည်။ထိုနည်းတူအလည်ပတ်လာရောက်သူ မသန္တာကလည်းအရင်ကဆိုင်ကယ်အပ်ခ ငါးရာဘဲရှိတယ်၊ယနေ့ဆိုဆိုင်ကယ်အပ်ခ တစ်ထောင်တောင်းတာ တောင်ထားစရာနေရာမရှိဘူး၊တံတားအောက် ရေလွတ် ရာနေရာမှာသွားအပ်ရတယ်၊ ကားတွေဆိုလည်း ထိုးစရာမရှိလိုတောင်မင်းကြီးဘုရားဝန်း ပတ်ပတ်လည်နေရာလွတ်တွေမှာထားထားရတယ် ယနေ့တော်တော်ကိုလူစည်တယ်ဟုပြောကြားသည်။

ဆိုင်ကယ်အပ်လက်ခံသူဦးအောင်သိန်းကလည် းယနေ့နံနက်ပိုင်းကစပြီးလူစည်တာနေ​အေးလာတာနှင့်အမျှ တဖြေးဖြေးချင်းလူစည်လာလိုက်တာ ဆိုင်ကယ်ထားစရာနေရာကိုမရှိအောင်ကိုစည်ကားတာဉတံတားအောက် မေရာလွတ်မှာလူခွဲပြီး လက်ခံနေရတယ်ယနေ့တော်တော်ကို စည်တာတံတားစျေးလည်းလူစည်၊ တံတားပေါ်ဆိုတိုးလို့တောင် မပေါက်အောင်စာ်ကားသည်ဟုပြောကြားခဲ့သည်။ထို့နည်းတူတန်ခိုးကြီး ဘုရားမျာယတွင်လည်းစည်ကားလျက်ရှိကြောင်း သိရသည်။

စိုးသီဟ(ပြန်/ ဆက်)