ကျိုင်းတုံ ဩဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၂ ဦးအား ဩဂုတ် ၁ ရက်က လွှတ်ပေးခဲ့ကြောင်းသိရသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)ရဲမှူးကြီး အေးသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ ကျိုင်းတုံအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများပြောကြားပြီး လွတ်ငြိမ်းခွင့်လက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။
ယနေ့ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် နိုင်ငံခြားသား အကျဉ်းသား ၁၀ ဦး၊ အကျဉ်းသူ ၁ ဦးနှင့် နိုင်ငံသား အကျဉ်းသား ၅၀ ဦး၊ အကျဉ်းသူ ၁ ဦး စုစုပေါင်း ၆၂ ဦး လွှတ်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့် (ပြန်/ ဆက်)