လားရှိုး ဩဂုတ် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၅၁/၂၀၂၃ အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ လားရှိုးအကျဉ်းထောင်မှလွတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသားများအား လွှတ်ပေးသည့် အခမ်းအနားကို ဩဂုတ်လ ၁ ရက် မွန်းလွဲ ၂ နာရီအချိန်က လားရှိုးအကျဉ်းထောင်ရှိ ဓမ္မာရုံတွင်ပြုလုပ်သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝေဠုသတိုး၊ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းကျော်တင့်၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းခိုင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ဦးတို့ တက်ရောက်ခဲ့ကြပြီး လွှတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသားများကို ဆုံးမဩဝါဒစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၅၁/၂၀၂၃ အရ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ လားရှိုးအကျဉ်းထောင်မှ ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသား/သူ(၉၆)ဦးတို့အား လွှတ်ပေးခဲ့ကြောင်းသိရသည်။
စိုင်းထွန်း (ပြန်/ ဆက်)