လားရှိုး ဩဂုတ် ၁
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သော ဓမ္မစကြာအခါတော်နေ့၊နေ့ထူးနေ့မြတ်တွင် လားရှိုးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများနှင့် အနားယူအပန်းဖြေရာနေရာများတွင် ဘုရားဖူးမိဘ ပြည်သူများ ၊ဥပုပ်သီလဆောက်တည်ကြသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘုရားဖူးပြည်သူများသည် လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၊ ရှေးဟောင်း မန်ဆူဘုရား၊ မန်ဆူရှမ်းကျောင်း၊မန်ဆူရှမ်းကျောင်းနှီးဘုရား၊ ကန်မိန်းကျောင်း ၊သာသနာ ၂၅၀၀ဘုရား၊ ရေကန်တောင်ဘုရား၊ နဂါးရုံဘုရား၊ စိတ္တသုခဘုရား၊ ရန်အောင်မြင်ဘုရား ၊နမ့်မော်ဖာသာသနာ့ရိပ်သာနှင့် လားရှိုးမြို့အနီးပတ်ဝန်းကျင်ရှိ ဘုရားကျောင်းကန်များတွင် ဘုရားဖူးသူများ ၊ ဥပုပ်သီလ ဆောက်တည် ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ အများပြည်သူများ အနားယူ အပန်းဖြေရာနေရာများဖြစ်သည့် လားရှိုးလွတ်လပ်ရေးပန်းခြံ ၊ရန်တိုင်းအောင်ပြည်သူ့ဥယျာဉ်၊ Gold Luck Wter Boom တို့တွင်လည်း အနားယူအပန်းဖြေကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (ပြန်/ ဆက်)