မိုင်းယု ဩဂုတ် ၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ တွင် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်ရှိ ဓမ္မလင်္ကာရ ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်လိုက်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)နှင့် သံဃာတော်အရှင်သူမြတ်များထံမှ ဧည့်သည်တော်များက ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံ တက်ရောက်လာကြသော မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့ဝင် မိသားစုများ၊ ဒေသခံပြည်သူများနှင့် အလုပ်သမားများအဖွဲ့စသည့် အလှူရှင် ဒါယိကာ/ဒါယိကာမများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ဆရာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချအမျှဝေကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီး သံဃာတော်များအား ''ဆွမ်း''ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည် ။
ကိုကိုနိုင်