ပြင်ဦးလွင် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် သံဃာတော်အပါး ( ၃၀၀) ပါးတို့အား အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ( ၅ ) နာရီက ရပ်ကွက်ကြီး ( ၂ )၊ မန္တလေး - လားရှိုးလမ်း ၊ ကျောင်းတိုင်ကွင်းအနီးရှိ မြိုနယ်သံဃဒါနဆွမ်းလောင်းအသင်း ( မြို့နယ်ဉပတ္ထမ္ဘကရုံး ) ၌ ကျင်းပပြုလုပ်ခဲ့သည် ။
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူပွဲကို ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ မိသားစုများ စုပေါင်း၍ ပြင်ဦးလွင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အပါး ( ၃၀၀) ပါးတို့အား ဆွမ်း ၊ ဆွမ်းဟင်း နှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။
ပြင်ဦးလွင်မြို့ရှိ သံဃာတော်အပါး (၃၀၀) ပါးတို့အား အရုဏ်ဆွမ်းလောင်းလှူပွဲသို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ နှင့် အမျိုးသမီးယောဂီများ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးထံမှ ကြားသိရသည် ။
ခရိုင် ( ပြန် / ဆက် )