မိုင်းခတ် ဩဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ခုနှစ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃) နာရီအချိန်က မိုင်းခတ်မြို့နယ်၊ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါဗိုလ်လုပွဲတွင် ကိုဖြိုး(FC)အသင်းနှင့် MT(FC)အသင်းတို့မှ ယှဉ်ပြိုင်ကစားကြပြီး ကိုဖြိုး(FC) အသင်းမှ MT(FC) အသင်းအား ၂ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ရာပထမဆုရရှိသော ကိုဖြိုး(FC) အသင်းမှတစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသား ဆုကျပ်(၅)သိန်းကိုစစ်ဗျူ ဟာအဖွဲ့ (အခြေချ) (မိုင်းခတ်)စစ်ဗျူဟာမှူးဗိုလ်မှူးကြီးရာဇာထွန်းက လည်းကောင်း၊ ဒုတိယဆုရရှိသော MT(FC) အသင်းမှတစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသား ဆုကျပ်(၃)သိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအေးထွန်းကလည်းကောင်း၊ ပထမတံခွန်စိုက် ဆုဖလားအားမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ရှေ့တန်း အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစား သမားဆုများ နှင့်ပြိုင်ပွဲတွင်လုံခြုံရေး တာဝန်ကျအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ဒိုင်အဖွဲ့များ၊ အထကကျောင်းမှသရုပ်ပြအက အဖွဲ့အားဂုဏ်ပြုလက်ဆောင်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မိုင်းခတ်မြို့နယ် ၂၀၂၃ ခုနှစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း စုံမိုးရာသီအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲအား ဇူလိုင်လ (၁၅) ရက်နေ့မှ စတင်၍အသင်း (၉) သင်းဖြင့်ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်